ဟယ်လို အားလုံးဘဲမင်္ဂလာပါရှင်

ကျွန်မတို့ရဲ့ အေဂျင်စီမိတ်ဟောင်းမိတ်သစ်များအားလုံးကို အသိပေးချင်တဲ့ အရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ရှင်။
အဲ့တာကတော့ ဆက်သွယ်ရေးပိုင်းအဆင်ပြေစေဖို့အတွက် မှတ်ရလွယ်တဲ့ဆက်တိုက်ဖုန်းနံပါတ်တွေိကို ရုံးဖုံးနံပါတ်အဖြစ် ထပ်တိုးအသုံးပြုထားပါတယ်ရှင်။ အဲဒီဖုန်းနံပါတ်တွေကတော့ 09 771 320 111, 09 771 320 222, 09 771 320 333, 09 771 320 444, 09 771 320 555, 09 771 320 666 တုိ့ဖြစ်ပါတယ်ရှင့်… အရှေ့နံပါတ် 09 771 320 ထိက အတူတူဖြစ်ပြီး နောက်ဆုံး နံပါတ် ၃ လုံးကတော့ 111 ကနေ 666 အထိ အဆင်ပြေတဲ့နံပါတ်ကို ခေါ်ဆိုလို့ရပါတယ်ရှင့်…
အခုမှစပြီး တင်သမျှပို့စ်တိုင်းမှာ ဆင်တူ ဖုန်းနံပါတ်အသစ်တွေကို အသုံးပြုသွားမှာပဲဖြစ်ပါတယ်ရှင့်…
အခုအချိန်မှာ အေဂျင်စီနာမည်ကို တုပပြီး ဖွင့်ထားတဲ့ ပေ့ချ်အတုများလာတာလည်း တွေ့ရှိလာရပါတယ်။ Page အတုတွေက ကျွန်မတို့တင်သမျှပို့စ်တွေ၊ ဗီဒီယိုတွေကို သူတို့ရဲ့ page အတုတွေမှာ ပြန်တင်ပြီး ဖုန်းနံပါတ်လောက်ပဲ ပြောင်းထားတတ်တာတွေ့ရပါတယ်… လိပ်စာတောင်မပြောင်းပဲ ဖုန်းနံပါတ်ကိုပဲ ပြောင်းထားပြီး အေဂျင်စီ Page အစစ်ထင်ပြီး သူတို့ဆီရောက်လာတဲ့သူတွေကို ရုံးမလာခိုင်းပဲ လိုင်ပေါ်ကနေပဲစကားပြောပြီး wave pay/ k pay တုိ့နဲ့ ငွေလွှဲခိုင်းတတ်ပါတယ်…
ကွျန်မတို့အေဂျင်စီအနေနဲ့ ရုံးမရောက်ဖူးသေးပဲ ငွေကြိုလွှဲခိုင်းတာမျိုး၊ Wave Pay/ K Pay တို့နဲ့ ငွေလက်ခံတာမျိုး လုံးဝ (လုံးဝ) မရှိပါဘူးရှင့်…
အဲ့ဒီလို ပေ့ချ်အတုတွေကြောင့် ကျွန်မတို့ရဲ့အေဂျင်စီမိတ်ဆွေများ လိမ်လည်မှုများ မခံရစေဖို့အတွက် ဆက်သွယ်မယ်ဆိုရင် အခုပြောထားတဲ့ ဆင်တူဖုန်းနံပါတ်တွေဟုတ်/မဟုတ် သေချာစီစစ်ပြီး မသေချာဘူးထင်ယင် ဆင်တူဖုန်းနံပါတ်တွေဆီ ပြန်ဆက်သွယ်ကြည့်ပြီး အတည်ပြုပေးကြဖို့ အကြံပြုချင်ပါတယ်ရှင့်…
FB Page ရဲ့ link ပါရှင့်…https://www.facebook.com/goldenplantagency

အမြဲတမ်း ယုံကြည်အားကိုးဆက်သွယ်ကြတဲ့ မိတ်ေဟာင်း/မိတ်သစ်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် 💛
ရှေ့ဆက်ပြီးလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများကို ပေးနိုင်အောင် ကြိုးစားသွားပါမယ်ရှင်။